ဖားကန့်တွင် စစ်ကောင်စီတပ်များက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ
24 February 2022-Kachinwaves
ကချင်ပြည်နယ် ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်များသည် ယနေ့ည လက်နက်ကြီး သုံးကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
ကံဆီးစစ်ကောင်စီဗျုဟာကုန်းမှ ယနေ့ည ၆နာရီခွဲခန့်တွင် လက်နက်ကြီးနှစ်ကြိမ်၊ ဖားကန့် စစ်ကောင်စီဗျုဟာကုန်းမှ ၇နာရီခွဲခန့်တွင်တစ်ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ကံဆီးဗျုဟာကုန်းက ပစ်တာကတော့ တောဘက်မှာ ကျတယ်။ ဖားကန့်ဗျုယာကုန်းက ပစ်တာတော့ ဥရုချောင်းဘေးမှာ ကျတာ”ဟု ဒေသခံတစ်ဦး ကပြောသည်။
ဖားကန့်မြို့နယ် ကာမိုင်းနှင့် လဝါးသွားလမ်းရှိ စစ်ကောင်စီဂိတ်ကို ယနေ့နံနက်တွင် ကေအိုင်အေမှ သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။