ပူတာအိုမှာကားဖြင့်သွားနေသည့် စစ်ကောင်စီစစ်ကြောင်းကို ကေအိုင်အေနှင့် PDF တွေတိုက်ခိုက်
23 February 2022-Kachinwaves
ကားဖြင့်သွားလာနေသည့် စစ်ကောင်စီစစ်ကြောင်းကို ပူတာအိုမြို့နယ် လုံဂါကောင်၌ ကေအိုင်အေ နှင့် PDF တို့က ယနနေ့မွန်းလွဲ ၃ နာရီကျော်တွင် တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
လုံဂါကောင်သည် မြစ်ကြီးနားနှင့်ပူတာအိုလမ်းမ ဖတ်မာကျေးရွာနှင့် ပူတာအိုမြို့ကြားတွင် တည်ရှိသည်။
“ကားနဲ့သွားနေတဲ့ စစ်ကောင်စီတွေကို ကေအိုင်အေနှင့် PDF စောင့်ပြီးပစ်တာ။ စစ်ကောင်စီဘက်က ဒဏ်ရာရသူများတယ်လို့သိရတယ်။ အတိအကျတော့ မသိရဘူး” ဟု ဒေသခံတစ်ဦးကဆိုသည်။
အင်စီယာန် ကျေးရွာအနီးက ရှိန်ဂတ်ဘွမ်၌လည်း တိုက်ပွဲ ငါးရက်ဆက်တိုက် ပြင်းထန်ခဲ့ပြီး ယမန်နေ့က စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ်ခဲ့သည်။