စစ်အာဏာသိမ်း ၁နှစ်ပြည့် မြစ်ကြီးနားမြို့က Silent Strike မြင်ကွင်း
1 February 2022-Kachinwaves
စစ်အာဏာသိမ်း ၁နှစ်ပြည့် မြစ်ကြီးနားမြို့မှာ လူသွားလူလာလည်းနည်းသလို စျေးဆိုင်တွေလည်း ၈၀ ရာခိုင်နှုန်းလောက် ပိတ်ထားကြတယ်လို့ မြစ်ကြီးနား မြို့ခံတွေက ဆိုကြပါတယ်။
ဒီနေ့မနက် အစောပိုင်းကလည်း မြစ်ကြီးနားမြို့ စစ်ကောင်စီရဲတွေရဲ့ပစ်ခတ်မှုကြောင့် နေအိမ်မှာ အိပ်နေတဲ့ ကလေးငယ်တစ်ယောက် ကျည်ထိကာ သေဆုံးခဲ့ပါတယ်။
မြစ်ကြီးနားမြို့ မြေမြင့်၊ တပ်ကုန်း၊ အင်ဂျန်ဒုံ စတဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ကားတွေနဲ့ လှည့်ပတ်စောင့်ကြည့် နေတယ်လို့လည်း ဆိုပါတယ်။
ဒီကနေ့စျေးဆိုင် ဖွင့်ဖို့လက်မှတ်ထိုးထားရတဲ့ မြစ်ကြီးနားမြို့ စျေး ၁ နဲ့ ၂ မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက စောင့်ကြည့်နေပြီး စျေးရောင်းသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားအပါ ကချင်ပြည်နယ် ကမြို့ တော်တော်များများမှာ စစ်အာဏာသိမ်း ၁နှစ်ပြည့် Silent Strike ကို ပြုလုပ်နေကြပါတယ်။