မော်လူးမြို့နဲ့ ပေကုန်းကြားတွင် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး အသေအပျောက်များ
22 January 2022 – Kachinwaves
မနေ့က ဇန်နဝါရီ ၂၁ ရက်နေ့ညနေပိုင်းတွင် စစ်ကောင်စီကားနှစ်စီးအား
KIAနှင့် အင်းတော် PDFတပ်ဖွဲ့များမှ စစ်ကိုင်းတိုင်း မော်လူးမြို့နဲ့ ပေကုန်းကြားမှာ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
စစ်ကာင်စီစစ်သားတွေ စီးနှင်းလိုက်ပါလာတဲ့ကားတစ်စီး ချောက်ထဲကျသွားပြီး သုံးပွင့်ဗိုလ်အပါအဝင် အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူများကြောင်း သိရပါတယ်။
PDF ရဲဘော်တစ်ဦး ဒဏ်ရာရရှိပေမယ့် စိုးရိမ်ဒဏ်ရာမဟုတ်ဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။