ဖားကန့်မှာ မြေစာကန်မှနွံများ ဥရုချောင်းသို့စီးဝင်ပြီး ချောင်းရေကြောင်း ပိတ်နေ
20 January 2022-Kachinwaves
ကချင်ပြည်နယ် ဖားကန့်မြို့ မမုံစံပြကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ရေကန်မှနွံများ ဥရုချောင်းသို့ စီးဝင်လာသည့်အတွက် ဥရုချောင်းနွံပိတ်သွားသောကြောင့် ချောင်း၏အထက်ပိုင်းရှိ ယာယီတံတားအချို့ ရေနှစ်မြုပ်မှု ဖြစ်နေကြောင်း သိရသည်။
ယနေ့နေ့လယ်အထိ ချောင်းအထက်ပိုင်းတွင် ရေသုံးပေခန့် မြင့်တက်နေကြောင်း သိရသည်။
လက်ရှိအချိန် စက်ယန္တရာများဖြင့် ချောင်းရှင်းလင်းရေး လုပ်ဆောင်နေသော်လည်း အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ကျောက်မျက်တူးဖော်ရေး လုပ်ကွက်မြေစာစွန့်ပစ်သည့် ရေကန်မှနွံများ ဇန်နဝါရီလ ၁၉ရက်နေ့တွင် ဥရုချောင်းထဲ စီးဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။