ရှမ်းပြည်မြောက်ပိုင်း မူပန်ခရိုင်နဲ့ မုံးကိုးတွင် စစ်ကောင်စီတပ်က MNDAA ကို တိုက်ခိုက်နေ
12 January 2022 – Kachinwaves
ရှမ်းပြည်မြောက်ပိုင်း မူပန်ခရိုင်(သိန္နီ)ကွမ်းသာ အနောက်တောင်ကုန်းတွင် ဇန်နဝါရီလ ၁၀ရက်နေ့က ကိုးကန့်တပ် (MNDAA)တပ်မဟာ ၂၁၁နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း The Ko Kang မီဒီယာတွင် ဖော်ပြထားသည်။
ဇန်နဝါရီ ၈ရက်နေ့မှ ၁၀ ရက်နေ့အတွင်း စစ်ကောင်စီတပ်က မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA (ကိုးကန့်)၏ မုံးကိုးခရိုင်ရှိ မန်ရန်တပ်စခန်းကို လက်နက်ကြီးကျည် စုစုပေါင်း(၃၀)ကျော်ခန့်၊
စက်သေနတ်ကျည် ၁၅၀ ကျော်ခန့်၊ စနိုက်ပါရိုင်ဖယ်ဖြင့် ၁၅၀ ကျော်ပစ်ခတ်ခဲ့ပြီး ရှိကျိကျတောင်တန်းကို လက်နက်ကြီးအချက်ပေါင်း (၄၀)ကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
Photo: The Ko Kang