ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ကို ကေအိုင်အေ ကြားဖြတ်တိုက်ခိုက်
8 January 2022-Kachinwaves
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ရွှေစင်ဝမ်တောင်တွင် ယနေ့နံနက် ၆နာရီခွဲခန့်၌ စစ်ကောင်စီတပ်ကို ကေအိုင်အေ တပ်ရင်း ၃၆ ကကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ အကျအရှုံးရှိကြောင်း သိရသည်။
ဇန်နဝါရီ ၅ ရက်နေ့ကပဲ ကေအိုင်အေ တပ်ရင်း ၃၆ နှင့် စစ်ကောင်စီတပ်မ ၉၉ တို့တိုက်ပွဲပြင်းထန် ခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် ဇန်နဝါရီလ ၅ရက်နေ့က စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရှမ်းမြောက်ပိုင်နေရာ တော်တော်များများတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ တိုက်ကွဲပြင်းထန်လျှက်ရှိသည်။