ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
“အဓိက ဒီမှာ ကျွန်တော် စိုးရိမ်တာက စစ်တပ်တွေ အလုံးအရင်းနဲ့ဝင်လာတဲ့ကိစ္စဖြစ်တယ်။ ဒုတိယအချက်ကတော့ ရွှေ့ပြောင်းလုပ်သားတွေ အလုံးအရင်းနဲ့ဝင်လာတဲ့ကိစ္စတွေဖြစ်တယ်။ ဒီမြို့နယ် တစ်ခုလုံးရဲ့ တစ်ဝက်နီးပါးလောက်ရှိတဲ့ လူဦးရေဖြစ်လာတယ်။” ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကွမ်ဂေါင်အောင်ခမ်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးလောဒ်ထွယ် (ခ) ဦးလောက်ထွယ်နှင့် ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်လရှန်ဘန်ထွယ်တို့နှစ်ဦးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ ဆွမ်ပရာဘွမ်မြို့နယ် KSPP ရုံး၌ တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။
https://kachinwaves.com/?p=1735