အသရေဖျက်မှုဖြင့် တရားစွဲဆို ထားသောအမှုတွဲကို ချေဖျက်ပေးဖို့အတွက်တင်ပြ
ပိတ်မိပြည်သူလွတ်မြောက်ရေး ဆန္ဒပြ ဦးဆောင်သူသုံးဦးအား တပ်မတော်မှ အသရေဖျက်မှုဖြင့် တရားစွဲဆို ထားသောအမှုတွဲကို ချေဖျက်ပေးဖို့အတွက် ကချင်ပြည်နယ်တရားလွတ်တော်ရုံးသို့ ယနေ့ စတုတ္ထအကြိမ် ရုံးချိန်းမှာ တင်ပြထားပြီဖြစ်ကြောင်း တရားစွဲဆိုခံရသူ ဒေါ်နန်ပူ၏ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။
“ ဒီအမှုဟာဆိုရင် ဆွဲဆိုဖို့ မသင့်ဘူးပေါ့နော်၊ အခုတလောစစ်ထားတဲ့အပေါ်မူတည်ပြီးမှ အမှုတွဲကို ချေဖျက် ပေးဖို့အတွက် တင်ပြထားခြင်း ဖြစ်ပါတယ်”ဟု၎င်းက ဆိုသည်။
အပေါ်ရုံးသို့တင်လိုက်ပြီဖြစ်တဲ့အတွက် ယနေ့ရုံးချိန်တွင် တရားလိုပြသက်သေတစ်ဦး လာရောက်ခဲ့သော်လည်း စတင်စစ်ဆေးမှုမရှိကြောင်း အောက်တရားရုံးမှ ဇွန်လ ၁၈ ရက်နေ့တွင်ရုံးချိန်း ပြန်ခေါ်ထားကြောင်း ဒေါ်ဒွဲဘူက ပြောသည်။
ကချင်လူငယ်ထုမှ ဦးဆောင်ကာ ပိတ်မိပြည်သူများလွတ်မြောက်ရေးအတွက် ဧပြီလ (၃၀) ရက်နေ့မှစတင်၍ တစ်ပတ်ခန့် မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖေါ်ခဲ့ပြီး ဦးဆောင်သူနှစ်ဦးကို မြစ်ကြီးနားမြို့နယ်ရဲမှူးက ငြိမ်းစုစည်း ဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သောကြောင့် ဒဏ်ငွေ ပေးဆောင်ခဲ့ရသလို၊ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလိုပြုလုပ်ကာ အသရေဖျက်မှုဖြင့် ဦးဆောင်သူ သုံးဦးအား ဆက်လက်တရားစွဲဆိုထားခြင်း ဖြစ်သည်။