တိုက်ပွဲကြောင့် ပိတ်မိတဲ့ လိုင်နောင်ခူး (မန်ဝယ်) ပြည်သူများ၏ ကိုယ်တွေ့အတွေ့အကြုံများ
တစ်လနီးပါး ပိတ်မိနေသည့် လိုင်နောင်ခူး(မန်ဝယ်) ဒုက္ခသည်များ အယောက် ၁၀၀ ကျော်သည် ကာမိုင်းမြို့သို့ မေ (၇) ရက်ည ၁၁း၀၀ နာရီခွဲအချိန်တွင်ရောက်ရှိလာသည်။
အဆိုပါဒုက္ခသည်များ လွတ်မြောက်လာရန် ဧပြီလ ၁၁ရက်ကတည်းက ဖားကန့်မြို့နယ် ကာမိုင်းမြို့ရှိ ဘာသာရေးခေါင်းဆောင်းများနှင့် အုပ်ချုပ်ရေးမှူးများက ကြိုးစားခဲ့သော်လည်း တပ်မတော်က ခွင့်မပြုခဲ့သည့်အတွက် ကယ်ထုတ်နိုင်ခြင်းမရှိခဲ့ပေ။
မြစ်ကြီးနားတွင်လည်း တိုက်ပွဲကြောင့် ပိတ်မိနေသည့် ဒုက္ခသည်များ အမြန်ဆုံးလွတ်မြောက်လာစေရန် ဧပြီလ ၃၀ရက်နေ့တွင် ပြည်သူများ ဆန္ဒထုတ်ဖော်တောင်ဆိုခဲ့ပြီး ကချင်လူငယ်များက သပိတ်စခန်းဖွင့်ပြီး ဆက်လက်တောင်းဆိုခဲ့သည်။
မေ ၅ရက်နေ့တွင် မြစ်ကြီးနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ရောက်ရှိလာပြီးနောက် မေလ ၆ရက်နေ့တွင် လိုင်နောင်ခူး ဒုက္ခသည်များကို တပ်မတော်ရဲ့ သဘောတူညီချက်ဖြင့် အုပ်ချုပ်ရေးဘက်မှ သွားရောက်ပြီး စတင်ခေါ်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။