မူဆယ်မြို့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တွေ နေ့တိုင်းနီးပါး အသွားအပြန် ပျံသန်းနေ
–
ရှမ်းပြည်မြောက်ပိုင်းက တစ်ခုတည်းကျန်နေတဲ့ မြန်မာ – တရုတ်နယ်စပ်မူဆယ်မြို့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တွေ နေ့တိုင်းနီးပါးပျံသန်းသွားလာနေကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုတလော ဟတ်စကီလေယာဉ်ပျံ နေ့တိုင်းလိုလို ပျံနေတယ်။ စစ်နဲ့ဆိုင်တာတစ်ခုခုမဟုတ်ရင် စစ်သားတွေကိုသယ်ယူပို့ဆောင်တာထင်တယ်။ ဒီနေ့တောင် သုံးစီးနဲ့ သွားသွားလာလာလုပ်နေတယ်။”လို့ ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၀ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်မြို့ကို သိမ်းပိုက်ချိန် တရုတ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီစစ်သား သုံးရာကျော်ကို တရုတ်အစိုးရက မူဆယ်မြို့သို့ သွားလာရောက်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွေအရ သိရပါတယ်၊၊