ဗန်းမော်၊ ရွှေကူ၊ မိုးကောင်းမြို့များတွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက် ၁ ပေကျော်စီရောက်ရှိနေ
3 July 2024 – Kachinwaves
မိုးကောင်းမြို့တွင် နန့်ယင်းချောင်းရေကြီး၍ မြို့၏ စိုးရိမ်ရေမှတ်အထက် ၂ ပေနီးပါးရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်ရှိနေနိုင်ကြောင်း မိုးဇလညွှန်ကြားရေးမှူးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဗန်းမော်မြို့နှင့် ရွှေကူမြို့များတွင်လည်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲကျော် (၅၁ စင်တီမီတာ) ရောက်ရှိနေပြီဖြစ်ကြောင်း ယနေ့ နံနက် ၆ နာရီခွဲတိုင်ထွာချက်အရ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
မြစ်ကြီးနားမြို့တွင် ဇွန် ၃၀ ရက်နေ့နှင့် ဇူလိုင် ၁ ရက်နေ့များတွင် ဧရာဝတီမြစ်ရေသည် မြို့၏ စိုးရိမ်ရေမှတ်အထက် ၆ ပေကျော်အထိ ရှောက်ရှိခဲ့ပြီးနောက် ယမန်နေ့ကစပြီး စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းသွားပြီဖြစ်သည်။
ရေကြီးနေသည့်အပြင် ဖုန်းလိုင်းများ မကြာခဏ ပြတ်တောက်နေခြင်း၊ အင်တာနက်လိုင်းများ ခက်ခဲနေခြင်း၊ လျှပ်စစ်မီးများပြတ်နေခြင်း စသည့်ဒုက္ခများကိုလည်း ကြုံနေရသည်ဟု သိရှိရသည်။