လေယာဉ်တွေနဲ့ ညဘက်စွမ်းရည်ပြ ပျံသန်းမှုလုပ်ဖို့ စီစဉ်ထားတဲ့ တပ်မတော်နေ့ မတိုင်မီ ရဟတ်ယာဉ်တစ်စီး ပျက်စီး
27 March 2024 – Kachinwaves
တပ်မတော်နေ့ကို လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ညဘက်စွမ်းရည်ပြ ပျံသန်းမှုကို ပြသမယ်လို့ စစ်ကောင်စီဘက်ကပြောခဲ့ပြီး၊ ရဟတ်ယာဉ်ငယ်တစ်စီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် စက်ချို့ယွင်း ပျက်စီးမှုရှိခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။
တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ညဘက်စွမ်းရည်ပြ ပျံသန်းမှုကို တွေ့ရမှာဖြစ်တဲ့အကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာမှာ ပြောထားပါတယ်။
စစ်ကောင်စီရဲ့ မီဒီယာမှာတော့ လေတပ်မှ လေ့ကျင့်ရေး ရဟတ်ယာဉ်ငယ် တစ်စီးဟာ မနေ့က မတ်လ ၂၆ ရက်နေ့မှာ လေ့ကျင့်ပျံသန်းနေစဉ် စက်ချို့ယွင်းမှုဖြစ်ပြီး ပျက်စီးမှုရှိခဲ့ကြောင်းနဲ့ ရဟတ်ယာဉ်မှူးတစ်ဦးနဲ့ သင်တန်းသားတစ်ဦး လိုက်ပါခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။