ပူတာအိုမြို့ပေါ်က ခလရ ၄၆ တပ်ရင်းမှာ ဒရုန်းပျံပြီး သေနတ်သံတွေကြားခဲ့ရ
27 March 2024 – Kachinwaves
ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ယနေ့ည ၉ နာရီဝန်းကျင်က သေနတ်ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ေကြာင်း သိရပါတယ်။
ပူတာအို ကောင်ကထောင်ရပ်ကွက်အနီးမှာရှိတဲ့ ခလရ (၄၆) တပ်ရင်းကနေ သေနတ်ပစ်ခတ်သံ အချက် ၂၀ ကျော် ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
“ခလရ ၄၆ ဘက်မှာဖြစ်တာ။ ဒရုန်းပျံလို့ ရမ်းတမ်းပစ်ကြတယ်နေမှာ သေနတ်နဲ့။ ကြားတာက အချက်ရေ ၁၀ ကျော်၊ ၂၀ ကျော်လောက်ပဲ”
သေနတ်သံကြားလို့ အပြင်ထွက်ကြည့်တဲ့အချိန် ဒရုန်းတစ်စင်းပျံသန်းနေတာကြောင့် ဒရုန်းကို ပစ်ခတ်တာဖြစ်မယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။
လက်ရှိတော့ သေနတ်သံတွေထပ်မကြားရတော့ဘဲ အခြေအနေငြိမ်သက်နေတယ်လို့ သိရှိရပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ မတ်လ ၇ ရက်နေ့ကစပြီး မြစ်ကြီးနား – ဗန်းမော်လမ်းကြောက စခန်းသိမ်းစစ်ဆင်ရေးတွေနဲ့အတူ မြောက်ဘက် ဆွမ်ပရာဘွမ်မြို့နယ်မှာလည်း ဟန်ချက်ညီ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေပြီး ဒီမနက်ကစပြီး မချမ်းဘော့ အခြေစိုက် ခလရ (၁၃၇) တပ်ရင်းကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ေနေကြာင်း သိရပါတယ်။