Breaking News: စကစ ၏ ရဟတ်ယာဉ်တစ်စင်းကို KIA ပစ်ချ
3 January 2024- Kachinwaves
စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စင်းကို KIA မှ ယနေ့နံနက်ပိုင်းက ပစ်ခတ်ခဲ့၍ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများနှင့် ရှေ့တန်းမြေပြင်နှင့် နီးစပ်သူများက ပြောသည်။
ဝိုင်းမော်မြို့နယ် နာဖေါ့စစ်ကောင်စီတပ်စခန်းသို့ ဦးတည်ပျံသန်းလာသည့် စစ်ရဟတ်ယာဉ်အား ပစ်ခတ်ခဲ့ရာ မီးလောင်ပျက်စီးပြီး ပျက်ကျသွားသည့် ဗီဒီယိုမှတ်တမ်းလည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာသည်။
အဆိုပါ ရဟတ်ယာဉ်သည် ယနေ့နံနက်ပိုင်းက KIA ဘက်မှ ပစ်ခတ်၍ ပျက်ကျသွားကြောင်း ယုံကြည်ရသည့် သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုသည်။