စစ်ကျန်လက်နက် ဆော့ကစားရာမှ ပေါက်ကွဲလာ၍ ကလေး ၃ ဦးသေဆုံး
17 November 2023 – Kachinwaves
ရှမ်းပြည်နယ် မုံးကိုးမြို့ အမှတ် (၆) ရပ်ကွက်မှ အသက် ၁၆ နှစ်ေအာက် ကေလးသုံးယောက်သည် စစ်ကျန်လက်နက် ဆော့ကစားမိရာမှ ပေါက်ကွဲပြီး သေဆုံးသွားကြောင်း သိရသည်။
၎င်းကလေး ၃ ယောက်သည် နိုဝင်ဘာ ၁၆ ရက်နေ့က နွားသွားကျောင်းနေချိန် တိုက်ပွဲအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေသည့် လက်နက်ကိုတွေ့ရှိပြီး ဆော့ကစားမိရာ လက်နက်ပေါက်ကွဲလာ၍ သေဆုံးသွားရခြင်း ဖြစ်ကြောင်း ဒေသနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
သေဆုံးသွားသည့် ကလေသုံးယောက်မှာ အသက် (၁၄) နှစ် မောင်ဒေါင်ခေါင်၊ အသက် (၁၂) နှစ် မောင်ေဇာ်မျိုးအောင် နှင့် အသက် (၁၃) မောင်ကျန်ဇီခွင်တို့ဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ဝိုင်းမော်မြို့နှင့် ရွှေကူမြို့တွင်လည်း ကလေးများ စစ်ကျန်လက်နက်ေဆာ့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသည့်ဖြစ်စဉ်ရှိခဲ့ဖူးသည်။