တနိုင်းမြို့နယ်ရှိ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်
16 November 2023 – Kachinwaves
တနိုင်းမြို့နယ်၊ တရုံရွာတွင်တပ်စွဲေနသည့် ခမရ ၃၄၇ တပ်ရင်း၏ တပ်စခန်းအား ယမန်နေ့က KIA တပ်ရင်း ၁၄ မှ သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၁၅ ရက်နေ့ ၁၂ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း နီးစပ်သူသတင်းရင်းမြစ်ထံမှ သိရသည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တာမိုးညဲမြို့ရှိ ခလရ ၂၉၀ တပ်ရင်းစခန်းကို တိုက်ခိုက်ေနဆဲ ဖြစ်ကြောင်း သိရသည်။