မြိုင်မြို့နယ် လင်းကတော ရဲစခန်းအား ဒေသ PDFတွေ သိမ်းကာ မီးရှို့ဖျက်ဆီး
29 January 2022-Kachinwaves
မြိုင်မြို့နယ် လင်းကတော ရဲစခန်းအား ဒေသ PDF တွေ ဒီနေ့ ညနေ့ ( ၂) နာရီ ဝန်းကျင်ခန့်က သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးပေးခဲ့တယ်လို့ Yesagyo PDF မှ ထုတ်ပြန်ထား ပါတယ်။
ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆားလင်းကြီးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ် (၃) မြို့နယ် ပူးပေါင်းပြီး (၁)နာရီကြာ တိုက်ပွဲဆင်နွဲပြီး အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက် ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုသိမ်နဲ့ မုံရွာလမ်းဆုံက ဂိတ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီရဲတွေ ဒဏ်ရာတွေနဲ့ စခန်းကနေ ထွက်ပြေးခဲ့တဲ့အတွက် မိသားစုဝင်တွေကို ဖမ်းဆီးရမိခဲ့ပေမယ့် ပြန်လွတ်ပပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo: People Defense Force Yesagyo