ရန်ကုန်မှပြန်လာပြီး Quarantine ဝင်နေသူ တစ်ဦးတွင် ပိုးတွေ့
ရန်ကုန်မှမြစ်ကြီးနားသို့ပြန်လာပြီး မြစ်ကြီးနား တက္ကသိုလ်အဆောင်တွင် ကွာရန်တင်း ဝင်နေသူ
ကြာရာပတီး မှ အမျိုးသမီး တစ်ဦးတွင် Covid-19 ပိုး တွေ့ရှိသည့်အတွက် ဆေးရုံသို့ပို့ဆောင်ရန် ပြုလုပ်နေပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာဖြိုးနန္ဒဆွေ ကဆိုသည်။
“သူက ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်က ပြန်လာတာ။ quarantine စဝင်တာက ၁၆ ရက် ၉ လ ကနေ စဝင်တာ။ အခုဆေးရုံသယ်ဖို့လုပ်နေပြီ။”ဟု ဒေါက်တာဖြိုးနန္ဒဆွေကဆိုသည်။
တပ်ကုန်းအုပ်ချုပ်ရေးမှူး ဦးဘောက်နော်ပြောပြချက်အရ၊ အဆိုပါ positive လူနာသည် ယနေ့နံနက် quarantine ရက်ပြည့်ပြီဖြစ်သည့်အတွက် စီတာပူရပ်ကွက်ရှိ quarantine စင်တာမှ သုံးဘီးဖြင့် ပြန်လာနေစဉ် ပိုးတွေ့ရှိသည်ဟု ဖုန်းပြန်ဆက်လာသဖြင့် တပ်ကုန်းဂျပန်လမ်းထိပ်မှ ပြန်ခေါက်သွားခြင်းဖြစ်ကြောင်းဆိုသည်။
အဆိုပါ သုံးဘီး မောင်းသူကိုလည်း ယခု quarantine ဝင်ခိုင်းထားပြီဖြစ်ကြောင်း ဆိုသည်။