19 March 2022 – Kachinwaves ကချင်ပြည်နယ်ဟိုပင်မြို့အနီးတွင် ယနေ့နံနက် ၇ နာရီခွဲမှစပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ “လက်နက်ကြီး ငယ်သံတွေကြားနေရတယ်၊ မြို့နဲ့သိပ်မဝေးဘူးဗျ”ဟု ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲအခြေအနေ အသေးစိတ်သတင်းကိုတော့ မသိရသေးပေ။... Read More
admin
19 March 2022 – Kachinwaves မြစ်ကြီးနားမြို့ ရွှေလမ်းမ ရထားသံလမ်းအနီးတွင် ဒီမနက် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမယ့် တစုံတရာထိခိုက်မှု မရှိကြောင်း သိရပါတယ်။ မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီရဲများ လာရောက်စစ်ဆေးသွားတယ်လို့ မျက်မြင်တစ်ယောက်က ပြောပါတယ်။ မြစ်ကြီးနားမြို့ပေါ်တွင် အခုလို မိုင်းပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်လေ့ရှိပေမယ့် ဘယ်သူ့လက်ချက်ဆိုတာကိုတော့ မသိရပါ။... Read More
17 March 2022 – Kachinwaves စစ်ကောင်စီတပ်သည် ဖားကန့်မြို့ ဗျူဟာကုန်းသို့ စစ်လက်နက်များနှင့် စစ်သားများကို လေယာဉ်ဖြင့် ယနေ့ မွန်းလွဲ သုံးနာရီခန့်တွင် လာချသွားကြောင်း သတင်းရရှိသည်။ ဖားကန့်မြို့ စစ်ကောင်စီ ရဲစခန်းရှေ့တွင်လည်း အင်အား ၃၀ခန့်ဖြင့် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် လမ်းသွားလမ်းလာပြည်သူများကို... Read More
မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲခံရပြီး မီးလောင်မှုဖြစ်
1 min read
15 March 2022 – Kachinwaves ကချင်ပြည်နယ် မြစ်ကြီးနားမြို့လယ်ကုန်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး ယနေ့နံနက် ၄နာရီခွဲခန့်တွင် မိုင်းခွဲခံရပြီး မီးလောင်သွားကြောင်း သိရသည်။ လယ်ကုန်းအုပ်ချုပ်ရေးမှူးရုံးတွင် မိုင်းနှစ်ချက်ပေါက်ကွဲခဲ့ပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်ပြည်သူတစ်ဦးက ပြောသည်။ “မိုင်းနှစ်လုံးကွဲပြီး အသံကြားတာနဲ့ ထကြည့်လိုက်တာ ကွဲပြီးတာနဲ့ မီးထလောင်တာ မီးသတ်ကား လေးစီးငါးစီးလောက်... Read More
14 March 2022-Kachinwaves သပိတ်မှာ ပါဝင်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု့ ကြောင့် ကျဆုံးသွားသော အာဇာနည် ကျော်လင်းထိုက် ကျဆုံးခြင်း တစ်နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်သပိတ်ကို ဖားကန့်မှာ ပြုလုပ်ခဲ့ကြသည်။ အာဇာနည် ကျော်လင်းထိုက် ကျဆုံးခဲ့သော မရှီကထောင် လမ်းပေါ်တွင် လွမ်းသူ့ပန်းများချကာ ကောင်းရာသုဂတိလားပါစေ ရန်... Read More
အပတ်စဉ်။ 14 March 2022 – Kachinwaves ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၇ရက်နေ့ကနေ မတ်လ ၁၃ရက်နေ့အထိ (၃၅)ရက်အတွင်း ကချင်ပြည်နယ်သတင်းများကို စောင့်ကြည့်လေ့လာ ကြည့်တဲ့အခါ၊ မြောက်ဘက် ပူတာအိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှု အရေအတွက် များခဲ့သလို ဖြစ်ပွားမှုလည်း ပြင်းထန်ခဲ့ပါတယ်။ မိုးညှင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ ရွှေကူမြို့နယ်၊... Read More
13 March 2022 – Kachinwaves အာဏာရှင်စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ၁၉၈၈ မတ်လ ၁၃ ရက်တွင် ကျဆုံးခဲ့တဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် ကျဆုံးခြင်း ၃၄ နှစ်မြောက်နှစ်ပတ်လည်နေ့မှာ ကံပေါက်ဒေသက လူငယ်များ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း... Read More
ဆွမ်ပရာဘွမ်မြို့က အသက်မပြည့်သေးသည့် ဆယ်ကျော်သက် ကလေးများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများလာ
1 min read
11 March 2022 – Kachinwaves ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှုများပြားနေပြီး သုံးစွဲသူများတွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်ကလေးများလည်း ပါဝင်နေကြောင်း သိရသည်။ အသက် ၁၈နှစ် မပြည့်သေးသည့်ကလေးများ၊ လူငယ်များသာမက အများပိုင်း မူးယစ်ဆေးဝါးသုံးစွဲမှု အခြေအနေ ဆိုးရွားနေပြီး နိုင်ငံရေးအခြေအနေကြောင့် ၎င်းတို့ကို အရေးယူနိုင်ခြင်းလည်း... Read More
11 March 2022-Kachinwaves မနားတမ်း ချီတက်နေဆဲ ဖားကန့်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်။ မနားတမ်း ချီတက်နေဆဲ ဖားကန့်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်။ မနားတမ်း ချီတက်နေဆဲ ဖားကန့်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်။... Read More
10 March 2022-Kachinwaves ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်နှင့် ကုန်းသာကျေးရွာ လမ်းမတစ်လျှောက်ကို ယနေ့နံနက် ၆နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များဖြင့် (၇)ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဒေါငံကက်သလစ် သီလရှင်ကျောင်းဆောင်များနှင့် ဘိုးဘွားရိပ်သာအဆောင်များ ထိခိုက်ပျက်ဆီးခဲ့ကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။ မတ်လ ၉ ရက်နေ့တွင် ဒီးမော့ဆို... Read More