ကောလင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်လအတွင်း ပြည်သူ (၇) ဦးသေဆုံးပြီး၊ (၁၂) ဦး ဒဏ်ရာရရှိ
–
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နှစ်လအတွင်း ပြည်သူ (၇) ဦးသေဆုံးပြီး (၁၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းမြို့နယ် သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း ကောလင်းအနောက်ခြမ်းဘက်မှာ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၁၅) ကြိမ်ပြုလပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်တွေရဲ့ ဒီဇယ်ကား (၁) စီး၊ ခြောက်ဘီးကားတန်းရှည် (၁) စီး၊ Express ကုန်တင်ကား (၂) စီး၊ အိမ်စီးကားအသေး (၁) စီး၊ ပရီမီယံဆီပေပါ (၆၅) လုံးနဲ့ နေအိမ် (၆) လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရင်းမြစ်များရဲ့ ပြောချက်အရ သိရပါတယ်။