လွတ်မြောက်နယ်မြေရှိ အရပ်သားပစ်မှတ်များသို့ လေကြောင်းတိုက်ခိုက်မှု သိသိသာသာ စတွေ့ခဲ့ရသောလ
–
စစ်ကောင်စီသည် ရှမ်းပြည်နယ် မြောက်ပိုင်း၏မြို့တော် လားရှိုးမြို့တွင် အခြေစိုက်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဩဂုတ်လ ၃ ရက်နေ့၌ လက်လွှတ်ခဲ့ရသည်။ ထို့အပြင် ကချင်ပြည်နယ်တွင် ဗန်းမော်နှင့် မိုးမောက် မြို့နှစ်မြို့အတွက် အရေးပါးသော ခမရ (၄၃၇) တပ်စခန်းကို ဩဂုတ် ၁၉ ရက်နေ့၌ လက်လွှတ်ခဲ့ရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) သည် စစ်ကောင်စီ ပထမဆုံး လက်လွှတ်ခဲ့ရသော စစ်တိုင်းဌာနချုပ် ဖြစ်သည်။ ယခုလို စစ်တိုင်းဌာနချုပ်တစ်ခုကို လက်လွှတ်ခဲ့ရ၍ စစ်ရေးရှုံးနိမ့်မှုကို မဖုံးနိုင်မဖိနိုင် ဖြစ်ခဲ့ရသည့် ဩဂုတ်လတွင် စစ်ကောင်စီက လွတ်မြောက်နယ်မြေရှိ မြို့နှင့်ကျေးရွာများမှ အရပ်သားပစ်မှတ်များသို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို သိသိသာသာ ပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ညီနောင်မဟာမိတ် (၃) ဖွဲ့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေး (ဒုတိယလှိုင်း) ကြောင့် စစ်တိုင်းဌာနချုပ်တစ်ခု လက်လွှတ်လိုက်ရသည်အထိ စစ်ရှုံးခဲ့ရသော ဩဂုတ်လအကုန်တွင် စစ်ကောင်စီ ဥက္ကဌကိုယ်တိုင် ဦးဆောင်သည့် “ရန်နိုင်မင်းစစ်ဆင်ရေး” သတင်းပေါ်ထွက်ပေါ်လာသည်။ ထို့အပြင် ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army – MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (Ta’ang National Liberation Army – TNLA) နှင့် အာရက္ခတပ်တော် (Arakan Army) တို့ကို “အကြမ်းဖက်အုပ်စု”ဟု ကြေညာခဲ့သည်။
စစ်ကောင်စီ၏ ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ကချင်ပြည်နယ်တွင် အရပ်သားထိခိုက်မှု (၇) ဦး ရှိခဲ့ပြီး၊ ၎င်းစာရင်းထဲ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁) ပါဝင်ခဲ့သည်။ ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းနှင့် အရပ်သားနေအိမ်တစ်လုံး၌လည်း လေယာဉ်ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သည်။
ထို့အပြင် ဩဂုတ် ၃ ရက်နေ့တွင် စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ဗန်းမော်မြို့ မင်းကုန်းရပ်ကွက်တွင် ကျရောက်ပေါက်ကွဲခဲ့၍ ကလေး (၁) ဦး သေဆုံးပြီး၊ (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ခံရသူ ခြောက်ဦးတွင် ကလေး (၂) ဦး ပါဝင်ကြောင်း တွေ့ရသည်။
အခြားဖြစ်စဉ်တစ်ခုမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် (BGF) တို့ လှုပ်ရှားနေသည့် ချီဖွေမြို့နယ် (ကချင်ပြည်နယ်အထူးဒေသ – ၁) တွင် လူသစ်စုဆောင်းမှု အတင်းအဓမ္မပြုလုပ်ခဲ့သည့် သတင်းဖြစ်သည်။ ၎င်းသတင်းသည် မေလတွင် ဝိုင်းမော် – ကံပိုင်တည်လမ်းနှင့် ဝိုင်းမော် – ချီဖွေလမ်းပိုင်းရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ် တပ်စခန်းများကို KIA ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့အပြီး၊ ဇွန်လ ၇ ရက်နေ့၌ ကချင်ပြည်နယ်အထူးဒေသ (၁) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း၏ KIA နှင့် PDF တို့ကို တိုက်ထုတ်ရန် စစ်မိန့်ထုတ်ပြီးနောက် ထွက်ပေါ်လာသော သတင်းလည်း ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း (လွတ်မြောက်နယ်မြေ) ဖြစ်သည့် ကွတ်ခိုင်နှင့် လားရှိုးမြို့များတွင် အရပ်သားပစ်မှတ်များသို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၆) ဦးသေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၂) ဦး ရှိခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် ကွတ်ခိုင်မြို့မဈေးသည် လေယာဉ်ဗုံးကြောင့် မီးလောင်ပျက်စီးခဲ့ပြီး၊ လားရှိုးမြို့တွင် အရပ်သားနေအိမ် ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ ဩဂုတ်လ ၅ ရက်နေ့၌ ကွတ်ခိုင်မြို့မဈေးနှင့် ဩဂုတ် ၃၀ ရက်နေ့ညတွင် လားရှိုးမြို့ ရပ်ကွက် (၁၀) ၌ စစ်ကောင်စီ လေယာဉ်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲမှု ဖြစ်ပွားခဲ့ပြီးနောက် ကွတ်ခိုင်မြို့ ပြည်သူများနှင့် စစ်ရှောင်စခန်းမှ ပြည်သူများသည် နေရာရွှေ့ပြောင်း တိမ်းရှောင်ခဲ့ရသောကြောင့် သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရသည်။
ယခုလို သေဆုံးထိခိုက်ပျက်စီးမှုများနှင့်အတူ စစ်ရေးနှင့် ဆက်နွယ်နေသည့် အခြားလူ့အခွင့်အရေး ထိခိုက်နစ်နာမှုများကိုလည်း အောက်ပါအတိုင်း တွေ့ရှိရပါသည်။
✺ သေဆုံးသူ အရေအတွက် (ကချင်ပြည်နယ်)
သေဆုံးသူ အရပ်သားနှင့် ၎င်းသေဆုံးခဲ့ရသည့် အကြောင်းရင်းကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ – ၁ ဦး
ယခုဖြစ်စဉ်မှာ ဗန်းမော်မြို့ မင်းကုန်းရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
✺ ထိခိုက်၊ ပျက်စီးမှု အရေးအတွက် (ကချင်ပြည်နယ်)
အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ထိခိုက်ခဲ့ရသည့် အကြောင်းရင်းများကိုလည်း အောက်ပါအတိုင်း တွေ့ရှိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှု – ၇ ဦး
လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံထိခိုက်မှုဖြစ်စဉ် – ၁ ခု
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်ထိခိုက်မှုဖြစ်စဉ် – ၁ ခု
လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ – ၆ ဦး
စစ်ကောင်စီက လေယာဉ်ဗုံးကြဲခဲ့သည့် ကျေးရွာများမှာ လိုင်ဇာမြို့အနီး မိုင်ဆတ်ပါကျေးရွာနှင့် မိုးမောက်မြို့နယ် စီဟက်နှင့် ကုန်းလောကျေးရွများ ဖြစ်သည်။
✺ သေဆုံးသူ အရေအတွက် (ရှမ်းပြည်နယ်မြောက်ပိုင်း)
သေဆုံးသူ အရပ်သားများနှင့် ၎င်းတို့သေဆုံးခဲ့ရသည့် အကြောင်းရင်းများကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ – ၆ ဦး
ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးသူ – ၁ ဦး
လားရှိုးမြို့မှ ပရဟိတအသင်းအဖွဲ့ဝင် နှစ်ဦးသည် ဇူလိုင် ၂၆ ရက်နေ့တွင် စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်ခြင်းခံခဲ့ရသည်။ ဖမ်းဆီးခံရသူနှစ်ဦးထဲမှ အသက် (၂၇) နှစ်အရွယ် အိုက်လာ (ခ) မောင်မာလ ဆိုသူ ကချင်အမျိုးသားသည် သေဆုံးခဲ့ရသည်။ ၎င်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် အသက် (၂၄) နှစ်အရွယ် ကိုဇော်မျိုးအောင် သည် လားရှိုးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တို့ သိမ်းပိုက်စဉ် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ ကိုဇော်မျိုးအောင်နှင့် အိုက်လာ တို့နှစ်ဦးသည် စစ်ဘေးသင့်ဒုက္ခသည်များကို သွားရောက်ကူညီစဉ် လားရှိုး မိုးလုံလေလုံလမ်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
✺ ထိခိုက်၊ ပျက်စီးမှု အရေးအတွက် (ရှမ်းပြည်နယ် မြောက်ပိုင်း)
အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ၎င်းတို့ထိခိုက်ခဲ့ရသည့် အကြောင်းရင်းများကိုလည်း အောက်ပါအတိုင်း တွေ့ရှိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခံရသူ – ၁၂ ဦး
လေကြောင်းတိုက်ခိုက်မှုကြောင့် စျေးထိခိုက်ပျက်စီးမှုဖြစ်စဉ် – ၁ ခု
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်ထိခိုက်မှုဖြစ်စဉ် – ၂ ခု
မြေမြုပ်မိုင်းကြောင့် ထိခိုက်ခံရသူ – ၁ ဦး
ဖမ်းဆီးနှိပ်စက်မှုကြောင့် ထိခိုက်ခံရသူ – ၁ ဦး
မြေမြုပ်မိုင်းနင်မိခဲ့သည့် အမျိုးသားတစ်ဦးမှာ ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ရွာလမ်းရှိ ၎င်း၏ခြံကို ရှင်းလင်းရေးလုပ်နေစဉ် မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူဖြစ်သည်။
ဖမ်းဆီးနှိပ်စက်မှုကြောင့် ထိခိုက်ခံရသူမှာ အထက်ပါသေဆုံးမှုဖြစ်စဉ်တွင် ဖော်ပြခဲ့သော လားရှိုးမြို့မှ ကိုဇော်မျိုးအောင် ဖြစ်သည်။
ယခုဖော်ပြထားသော လူ့အခွင့်အရေး အခြေအနေ တင်ပြချက်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း သတင်းများကို တင်ပြနေသည့် သတင်းမီဒီယာအချို့၏ သတင်းဖော်ပြချက်များနှင့် မြေပြင်သတင်းအချက်အလက် စုဆောင်းမှုများကို အခြေခံ၍ ဆန်းစစ်တင်ပြထားခြင်း ဖြစ်ပါသည်။
===
. –
On August 3, the military council had to relinquish the Northeastern Command Headquarters (Ya Ma Kha) based in Lashio, the capital of northern Shan State. In addition, the important L.I.B (437) military base for the two towns of Bhamo and N Mawk in Kachin State was also relinquished on Aught 19.
The Northeastern Command (Ya Ma Kha) was the first military command that the military council had to relinquish. In August, the military council launched a significant aerial bombardment of civilian targets in towns and villages in the liberated areas as it had lost such a military command headquarters and was unable to cover up the military defeat.
At the end of August, when Operation 1027 (second phase) led by the Three Brotherhood Alliance in northern Shan State that caused to the relinquishment of a military command headquarters, Operation Yan Naing Min led by the Chairman of the military council appeared on the news. In addition, the Three Brotherhood Alliance composed of the Myanmar National Democratic Alliance Army (MNDAA), the Ta’ang National Liberation Army (TNLA) and the Arakan Army (AA), was declared ‘terrorist groups’.
Due to the airstrikes by the military council in August, there were 7 casualties in Kachin State and a pregnant woman was also included in the list. One Christian church and one civilian home were also hit by aerial bombs.
In addition, on August 3, heavy artillery shell fired by the military council landed in Minkone Ward of Bhamo which killed one child and injured 6. There were 2 children among the six victims.
Another incident is that there was a forced recruitment in Chiphwi Township (Kachin State Special Region – 1) where the militia under the military council and the Border Guard Force (BGF) are active. The news came up after the Kachin State Special Region -1 Chairman U Zahkung Ting Ying issued a military order to fight the KIA and PDF on June 7 when the KIA joint forces attacked and seized the military council and militia bases on the Wai Maw – Kanpaiti Road and the Wai Maw – Chiphwi Road. There were 6 civilian deaths and 12 injuries due to airstrikes by the military council on civilian targets in Kutkai and Lashio towns in northern Shan State (liberated areas). In addition, Kutkai Town Market was destroyed and on fire by airstrikes and civilian homes in Lashio were also damaged. The military council launched aerial bombardment on Kutkai Town Market on Aug 5 and on Ward 10 in Lashio on the night of Aug 30. After the military council’s aerial bombardment, the people of Kutkai and the people from IDPs camp had to flee and they were facing difficulty in drinking water.
Along with these deaths and injuries, other human rights violations associated with the military are seen as follow.
✺ ( )
Civilian deaths and the causes of their deaths are seen as follow;
▪︎ 1 death due to artillery shelling (Bhamo)
The incident took place in Minkone Ward in Bhamo.
✺ ( )
Civilian injuries and the causes of their injuries are seen as follow;
▪︎ 7 civilian injuries due to airstrikes (Laiza, Momauk)
▪︎ 1 case of religious building damage due to airstrikes (Laiza)
▪︎ 1 case of civilian home damage due to airstrikes (Laiza)
▪︎ 6 injuries due to heavy artillery shelling (Bhamo, 2 children were included)
Mai Sak Pa Village near Laiza, Sihat and Konelaw villages in N Mawk were the villages that the military council launched aerial bombardment.
✺ ( )
Civilian deaths and the causes of their deaths are seen as follow;
▪︎ 6 deaths due to airstrikes (Kutkai)
▪︎ 1 death due to arrest and torture (Lashio)
On July 26, 2 members of the charity organization from Lashio were arrested and tortured by the military council. Among the 2 victims, a 27-year-old Kachin man named Aik La (aka) Maung Ma La was killed. A 24-year-old Ko Zaw Myo Aung, who was arrested with him, managed to escape when the revolutionary forces seized Lashio. It is reported that Ko Zaw Myo Aung and Aik La were arrested while they went to help the IDPs by the military council troops stationed on the Molone Laylone Road in Lashio.
✺ ( )
Civilian injuries and the causes of their injuries are seen as follow;
▪︎ 12 injuries due to airstrikes (Kutkai)
▪︎ 1 case of market damage due to airstrikes (Kutkai)
▪︎ 2 cases of civilian home damage due to airstrikes (Lashio)
▪︎ 1 injury due to a landmine (Kutkai)
▪︎ 1 injury due to arrest and torture (Lashio)
A man who was hit by a landmine was injured when he was clearing his farmyard on the Loisaing Village Street, Kutkai Township.
The injured victim due to arrest and torture was Ko Zaw Myo Aung from Lashio, who was mentioned in the above death incident.