မြန်မာအလုပ်သမားများအတွက် CI ကတ်ထုတ်ပေးတဲ့ ရုံးပိတ်သိမ်းရန် စီစဉ်မှုနဲ့ စစ်ကောင်စီကောက်တဲ့ အခွန်ကို ကန့်ကွက်ကြောင်း UN ရုံးမှာ ဆန္ဒပြ
7 July 2024 – Kachinwaves
ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လိုအပ်တဲ့ CI စာအုပ် ပိတ်သိမ်းဖို့လုပ်နေတဲ့ အစီအစဉ်နဲ့ စစ်ေကာင်စီကို မြန်မာအလုပ်သမားတွေရဲ့ လုပ်အားလခ ၂၅ ရာခိုင်နှုန်း အခွန်အခပေးဆောင်နေရခြင်းကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ မနက်ပိုင်းမှာ ထိုင်းရောက်မြန်မာအလုပ်သမားတွေ ဘန်ကောက်မြို့ရှိ ကုလသမ္မဂ UN ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့်နဲ့ ခရီးသွားလာခွင့်အတွက် လိုအပ်တဲ့ CI (အထောက်အထား) စာအုပ်ထုတ်ပေးနေတဲ့ စင်တာတွေကို စစ်ကောင်စီရဲ့ထိုင်းနိုင်ငံသံရုံးက ဇူလိုင် ၆ ရက်နေ့ကစပြီး ပိတ်သိမ်းမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ ထိုင်းအစိုးရအနေနဲ့ မြန်မာအလုပ်သမားတွေအတွက် Work Permit ကတ် (ပန်းရောင်ကတ်) ကိုသာ သက်သေခံကတ်ပြားအဖြစ် သတ်မှတ်ပေးပြီး နေထိုင်အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုပေးရေး၊ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရပ်တန့်ပြီး တော်လှန်ေရးအစိုးရ NUG နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ တိုက်တွန်းဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
CI စာအုပ်ထုတ်ပေးခြင်းကို ထိုင်းအစိုးရက ပိတ်ပင်လိုက်ရင် ထိုင်းရောက်မြန်မာအလုပ်သမားတွေအပြင် နိုင်ငံရေးအကြပ်အတည်းတွေကြောင့် ထိုင်းနိုင်ငံကို ခိုလှုံလာမယ့် မြန်မာနိုင်ငံသားတွေအတွက်ပါ အခက်အခဲတွေဖြစ်စေမှာကို မြန်မာတွေက စိုးရိမ်ေနကြတာ ဖြစ်ပါတယ်။