အာဏာသိမ်းပြီးနောက် အင်းတော်မြို့နယ် မော်လူးမြို့ ဟဲနုရွာအနီးမှာမူးယစ်ဆေးဝါးတွေကို ပွဲဈေးတန်းလို့ ရောင်းနေကြောင်းဆို
3 February 2022 – Kachinwaves
စစ်အာဏာသိမ်းတဲ့နောက်ပိုင်းတွင် ကချင်ပြည်နယ်အစပ် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးမြို့ ဟဲနုရွာအနီးမှာ မူးယစ်ဆေးဝါးတွေ ပေါ်ပေါ် တင်တင်ရောင်းလာကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မူးယစ်ဆေးဝါးကို မုန့်ရောင်းသလို ချခင်းရောင်းနေကြပါတယ်။ မော်လူးရဲစခန်းကလဲတာဝန်ယူပြီး မဖမ်းဘူး။ ဒါကြောင့် လူငယ်တွေမူးယစ်ဆေးဝါးအန္တရာယ်ကနေ ကယ်တင်ပေးစေချင်ပါတယ်။ PDF၊ KIA ပူးပေါင်းတပ်ဖွဲ့များကို သိစေချင်တယ်”လို့ ဒေသခံက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးတွေ ပေါလာပြီး ရဲတွေကလည်း လာရောက်ဖမ်းဆီးခြင်း မရှိကြောင်း ပြောပါတယ်။
“အခုက ပေါ်တင်ရောင်းလာကြတယ်။ ပွဲဈေးတန်းကျနေတာပါပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။