စခန်းသိမ်းပိုက်ခံရသည့် ဖားကန့် ဂျာရာယန်ကျေးရွာသို့လည်း စစ်ကောင်စီတပ်သည် လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့
3 February 2022 – Kachinwaves
ယနေ့နံနက်ပိုင်းတွင် ကေအိုင်အေနှင့် PDF တို့မှ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဂျာရာယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နေ့လယ် ၁၂နာရီအချိန်တွင် စစ်ကောင်စီက ဂျက်လေယာဉ်နှစ်စင်းဖြင့် လက်နက်ကြီးများ လာရောက်ပစ်ခတ်သွားကြောင်း ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဖေဖေါ်ဝါရီလ ၁ရက်နေ့က လက်လွတ်သွားခဲ့သော ဆွမ်ပီယန်သို့လည်း ယနေ့ညနေပိုင်းတွင် လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့သဖြင့် အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ်များလည်း ပျက်စီးကာ ရွာသားများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။