KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်တဲ့ S.N.A နဲ့ စစ်ကောင်စီတပ်တွေရဲ့ တောင်ယာမော်စခန်းကုန်းကြီး
–
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်ကျေးရွာအနီးရှိ S.N.A နဲ့ စစ်ကောင်စီတပ်တွေရဲ့ တောင်ယာမော်စခန်းကုန်းကြီးကို KIA နဲ့ ပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
သိမ်းပိုက်ခံထားရတဲ့ စခန်းကုန်းမှာ S.N.A နဲ့ စကစ တပ်သားအလောင်း (၁၀) ယောက်တွေ့ရှိရကြောင်း Kachinwaves လက်ခံရရှိတဲ့ ဗီဒီယိုဖိုင်အရ သိရပါတယ်။
စခန်းကုန်းသိမ်းပိုက်နိုင်ကြောင်း သိရရှိရပေမဲ့ တိုက်ပွဲအသေးအစိတ် အခြေအနေကိုတော့ မသိရပါ။