ရှမ်းမြောက် စစ်ကောင်စီတပ် စစ်ကြောင်းအား ကေအိုင်အေ တိုက်ခိုက်၊ စစ်ကောင်စီစစ်သား ၅ ဦးသေ
12 May 2022-Kachinwaves
စစ်ကောင်စီတပ်စစ်ကြောင်းကို ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ကောင်းလိန်ကျေးရွာ အနီး မန်လုံကျေးရွာ လမ်းခွဲ၌ ကေအိုင်အေက ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်သား ၅ယောက် သေဆုံးကြောင်း သတင်းရရှိသည်။
“ညနေ ၄ နာရီကကျော်ကနေ ၆ နာရီ လောက်ထိ တိုက်ပွဲဖြစ်တယ်။ ကွတ်ခိုင်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ် တပ်မ ၉၉ စစ်ကြောင်းကို ကေအိုင်အေ တပ်ရင်း ၈ က လမ်းမှာကြားဖြတ် ချုံခိုတိုက်ခိုက်ခဲ့သည့် တိုက်ပွဲ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။