ဆွမ်ပရာဘွမ်မြို့နယ်မှာလည်း တိုက်ပွဲပြင်းထန်နေ
3 Feb 2022-Kachinwaves
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဒရိုခကျေးရွာ အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက် ၉နာရီခန့်က ကေအိုင်တပ်မှ သွားရောက် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။
ဒရိုခကျေးရွာတွင် ပြည်သူ ဒေသခံ ၆၀ ခန့်ရှိပြီး ဖုန်းအဆက်အသွယ် ခက်တာကြောင့် ဒေသခံပြည်သူများ အခြေအနေ အသေးစိတ်မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဖားကန့်မြို့နယ် ဂျာရာယန် စစ်ကောင်စီတပ်စခန်းနှင့် မိုးညှင်းမြို့နယ် မော်ဟန် စစ်ကောင်စီရဲစခန်းကိုလည်း ယနေ့မနက် ကေအိုင်အေနှင့် PDFပူးပေါင်းတပ်တို့ သွားတိုက်ခိုက်ခဲ့သည်။