လေယာဥ်ဆီနှင့် လက်နက်သယ်ဆောင်လာသည့် စစ်ကောင်စီယာဥ်တန်းကို ကေအိုင်အေ နှင့် PDF တို့မှ နေရာ ၃ နေရာတွင် မိုင်းဆွဲတိုက်ခိုက်
27 January 2022-Kachinwaves
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်တွင် ယနေ့နံနက် ၄နာရီခန့်တွင် စစ်ကောင်စီ၏ လေယာဥ်ဆီနှင့် လက်နက်များသယ်လာသည့် ယာဥ်တန်းကို ကေအိုင်အေနှင့် PDFတို့မှ နေရာသုံးနေရာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီယာဥ်တန်းများသည် အောက်ပိုင်းမှ မြစ်ကြီးနားသို့ တက်လာရာ အင်းတော်မြို့နယ်ရှိ မော်လူးနှင့် နဘားကြား၊ ပင်ဝယ်၊ နန့်မကျိုင်း၊ နန့်မဟုတ်ကြီးရွာနားက ခွန်နန်းချောင်း သုံးနေရာတွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီဘက်ကလည်းလက်နက်ကြီးများ ပစပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးကဆိုသည်။
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များနှင့် ကေအိုင်အေ၊PDFတို့ တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီမှ တိုက်ပွဲဖြစ်ရာနေရာသို့ လေကြောင်း အသုံးပြုပြီး တိုက်ခိုက်လေ့ရှိသည်။