တရုံ ရွာ အထွက်မှာ တလူးက ဆင်းလာသည့် စစ်ကောင်စီတပ်အား ကေအိုင်အေ တိုက်ခိုက်ပြီး တိုက်ပွဲပြင်း ထန်နေ
15 sep 2021-Kachinwaves
တနှိင်း-ရှင်ဗွေယန် လမ်းပေါ်ရှိ တရုံ ရွာအထွက် မှာ စစ်ကောင်စီ တပ်များအား ကေအိုင်အေ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ယနေ့မနက် ၆ နာရီခန့်မှ စတင်ပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။
” မနေ့က တလူးကနေဆင်း လာတဲ့ စစ်ကောင်စီတွေ နဲ့ဖြစ်နေတာဟုတ်တယ်။မနက် ၆ နာရီကျော်က စတာ အခု ၈ နာရီကျော်ထိ တိုက်နေကြတုန်းပဲ။ထိခိုက်ကျဆုံးမှုစာရင်းက အခုထိ တိုက်နေတုန်းဆိုတော့ မကြားသေးဘူး။” ဟု ဒေသခံတစ်ဦးကဆိုသည်။
လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း တနှိင်းကနေ တက်လာတဲ့ စစ်ကောင်စီ တပ်တွေကို လဂျားဘွမ်းကျေးရွာနားမှာ ကေအိုင်အေ က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးခဲ့သည်။
တရုံ ကျေးရွာဘက်မှာစစ်ကောင်စီဘက်က အင်အားဖြည့်နေပြီး ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမှာနေသည်မှာ နှစ်ပတ်ခန့်ရှိနေပြီဖြစ်သည်။