စစ်ဘေးဒုက္ခသည် စခန်းမှ ပိုးတွေ့လူနာနှင့် ဆက်စပ်ခဲ့သူ မိသားစု အားလုံး negative ဖြစ်
ပလန စိန့်ဂျိုးဇက် စစ်ဘေးဒုက္ခသည် စခန်းမှ ကိုဗစ်ပိုးတွေ့လူနာနှင့် ဆက်စပ်သူ ကလေးအယောက်လေးဆယ်ကို ဆေးစစ်ရာတွင် အားလုံး negative ဖြစ်ကြောင်း စခန်းတာဝန်ခံ ဆရာခွန်းအောင်က ဆိုသည်။
ပိုးတွေ့ ကလေးလူနာ၏ မိသားစုဝင်လေးဦးကို ဆေးစစ်ရာတွင်လည်း negative ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။
ပလန စိန့်ဂျိုးဇက် စစ်ဘေးဒုက္ခသည် စခန်းကို ၂၀ရက်နေ့အထိ Lock Down ချမည်ဖြစ်ကြောင်း ဆရာခွန်းအောင်က ပြောသည်။
ကချင်ပြည်နယ်တွင် ကိုဗစ်လူနာ လက်ရှိ ဆေးကုသမှုခံယူသူ ၅၇ဦးနှင့် အတည်ပြုလူနာ ၆၉၃ဦးရှိသည်။
ဆက်စပ်သတင်း။