စစ်ကောင်စီက ဆဒုံးမြို့ကို တစ်ရက်အတွင်း နှစ်ကြိမ်ဗုံးကြဲတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရ
–
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နဲ့ ကံပိုင်တည်မြို့ကြားရှိ ဆဒုံးမြို့ကို ဒီနေ့ ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။
“ထွက်ပြေးနေရပြီ။ လေယာဉ်က နှစ်စီးတောင် ဟုတ်တယ်။ မြို့ကိုလာကြဲတာ အိမ်းတွေမီးလောင်နေပြီ။ လူထိခိုက်တာ ရှိနိုင်တယ်။”လို့ သူမက ပြောပါတယ်။
ဆဒုံးမြို့ကို ဒီနေ့ မနက် ၃ နာရီလောက်မှာလည်း Y-12 လို့ ခန့်မှန်းရတဲ့ လေယာဉ်နဲ့ ဗုံးနှစ်လုံးလာကြဲတာရှိခဲ့ပြီး ဟိုတယ်အဟောင်းနဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင်း လူတစ်ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ကံပိုင်တည်နယ်စပ်မြို့ကို သိမ်းပိုက်ခံရပြီးနောက် အခုလို လေယာဉ်ဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။