သိမ်းပိုက်ရရှိထားသည့် စကစ ၏ ဘွမ်ရဲဘွမ် မဆုတ်တမ်း ခံစစ်စခန်းကို KIA စစ်ဦးစီးချုပ်နှင့် NUG ကာကွယ်ရေးဝန်ကြီး သွားရောက်စစ်ဆေး
20 March 2024 – Kachinwaves
KIA နှင့် မဟာမိတ်တပ်ဖွဲ့က မတ် ၁၅ ရက်နေ့၌ တိုက်ခိုက်သိမ်းပိုက်ရရှိထားသည့် ဘွမ်ရဲ (Bumre Bum) ပွိုင့် ၇၇၁ စခန်းသို့ NUG ကာကွယ်ရေးဝန်ကြီးနှင့် KIA စစ်ဦးစီးချုပ်တို့ သွားရောက် စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
“အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း (R Hkawng Lum) နှင့်အတူ ကချင်ဒေသ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိခဲ့သော ဘွမ်ရေဘွမ့် (Bumre Bum) စခန်းအား ယနေ့ သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့သည်။”ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန က ယနေ့ထုတ်ပြန်သည်။