မြစ်ကြီးနားမြို့တွင် ပထမဆုံး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည့် မှတ်တမ်းဓါတ်ပုံအချို့
8 February 2024 – Kachinwaves
စစ်အာဏာသိမ်းပြီးနောက် ရှစ်ရက်မြောက်နေ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၈ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူများ ပထမဆုံး ဆန္ဒပြလှုပ်ရှားခဲ့ကြသည်မှာ ယနေ့ဆိုလျှင် ၃ နှစ်ပြည့်သွားပြီ ဖြစ်သည်။
စစ်အာဏာရှင်စနစ် တိုက်ဖြတ်ရေးတွင် ကဏ္ဍအသီးသီး၌ ဆက်လက်ပါဝင်ဆောင်ရွက်နေသော ကျောင်းသား၊ ပြည်သူတရပ်လုံးကို လေးစားဂုဏ်ပြုပါသည်။ ယခုလိုအချိန်တွင် လူထုအနေဖြင့် လမ်းပေါ်ထွက် ဆန္ဒမပြနိုင်သော်လည်း စစ်အာဏာရှင်စနစ်ကို တိုက်ဖြတ်နိုင်ရန် ရရာနည်းလမ်းများဖြင့် ပါဝင်ဖို့ KSCM သပိတ်ကော်မတီက တိုက်တွန်းနှိုးဆော်သည်ဟု ဆိုသည်။