စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ဘုရားကျောင်းအတွင်း ကျရောက်ပေါက်ကွဲ၍ ထိခိုက်မှုရှိ
26 November 2023 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အတွင်း စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှု ဘုရားဝတ်ပြုနေသည့် ဘုရားကျောင်းဝင်းအတွင်း ကျရောက်ခဲ့၍ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်က နမ့်ခမ်းမြို့ရပ်ကွက် ၁ စိန့်သောမတ်(စ်) စစ်ရှောင်စခန်းနှင့် မန်နားရွာများတွင် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။
လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်နားရွာက အသက် (၁၈) နှစ်၊ အမျိုးသမီးတစ်ဦး သေဆုံးကြောင်း KIO သတင်းပြန်ကြားရေးမီဒီယာက ဖော်ပြထားသည်။
နမ့်ခမ်းမြို့ကို TNLA ထိန်းချုပ်ထားပြီး စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် မြို့နယ်ဖြစ်သည်။
နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်၏ စခန်းသစ်တပ်စခန်းကို သိမ်းပိုက်နိုင်ရန် TNLA က ဆက်လက်တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့သည် မနက်ဖြန် နိုင်ဝင်ဘာလ (၂၇) ရက်နေ့တွင် တနိုင်ငံလုံး စစ်ဆင်ရေးအရှိန်ကို စတင်မည်ဖြစ်ကြောင်းလည်း သိရသည်။