မိုးညှင်းမြို့နယ် မော်ဟန် ရဲစခန်းအား ကေအိုင်အေ နှင့် PDF တွေသိမ်း၊ စခန်းမှူးနှင့် တပ်ကြပ် တစ်ဦး သေဆုံး
3 February 2022-Kachinwaves
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ရှိ စစ်ကောင်စီရဲစခန်းကို ယနေ့ နံနက်၃ နာရီကျော်က ကေအိုင်အေနှင့် PDF တို့ သွားရောက် တိုက်ခိုက်သိမ်းယူပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
စခန်းမှူးနှင့် တပ်ကြပ်တစ်ဦး သေဆုံးပြီး လက်နက်များလည်း သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါ်ရီ ၁ ရက်နေ့ကလည်း ပူတာအို ဆွမ်ပီယာန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကေအိုင်အေ နှင့် PDF တို့ သိမ်းယူပြီး မီးရှို့ဖျက်ဆီးခဲ့သည်။