လစ်လပ်နေသည့် မြစ်ကြီးနားကက်သလစ်ဂိုဏ်းအုပ်သာသနာ၏ သာသနာပိုင်ဆရာတော်ကို Pope Francis မှ ယနေ့ ခန့်အပ်
–
ကချင်ပြည်နယ်၊ မြစ်ကြီးနားကက်သလစ်ဂိုဏ်းအုပ်သာသနာ၏ သာသနာပိုင်ဆရာတော်အဖြစ် Most Rev. Msgr. John Mung Ngawn La Sam (MF) အား ပုပ်ရဟန်းမင်းကြီးဖရန်စစ် (Pope Francis) ဗာတီကန်မှ ယနေ့ ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
၂၀၂၀ ခုနှစ်တွင် မြစ်ကြီးနားကက်သလစ်ဂိုဏ်းအုပ် ဆရာတော် ဖရန်စစ်ဒေါ့တန် အနားယူသည့်နောက် Cardinal Charles Bo မှ ယာယီ ဂိုဏ်းအုပ်ဆရာတော်အဖြစ်တာဝန်ယူ အမှုတော်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ မြစ်ကြီးနားကက်သလစ်ဂိုဏ်းအုပ်အဖြစ် ယနေ့ တင်မြောက်လိုက်သော Most Rev. Msgr. John Mung Ngawn La Sam ( MF ) ၏ ဆရာတော် သိက္ခာတော်တင်ပွဲကို လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြစ်ကြီးနားမြို့ ရှိ စိန်ကိုလန်ဘန် ဘုရားကျောင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း RVA Kachin က သတင်းဖော်ပြထားသည်။