ခင်ဦးတွင် စစ်ကောင်စီ တပ်သားတစ်ဦး မိုင်းကွင်းထဲသို့ မျှားခေါ်ပြီး တိုက်ခိုက်ခံရ၍ သေဆုံး
30 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မြို့နယ် ပလဖ တိုက်ခိုက်ရေးအဖွဲ့ (SR) မှ စစ်ကောင်စီ တပ်သားတစ်ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ယမန်နေ့ ဧပြီ ၂၉ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ပလဖ ရဲဘော်တစ်ဦးက ခင်ဦးမြို့နယ် ပျဉ်ထောင်ရွာ ပျူစောထီးခြံအနီးသို့ ချဉ်းကပ်ပြီး မိုင်းကွင်းထဲသို့ မျှားခေါ်ကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ပြောသည်။
“အဲ့မှာ ပျူခြံထဲက စစ်သားတစ်ယောက်က ထွက်လာပြီး လိုက်လံခြောက်လှန် ပစ်ခတ်ရင်း မိုင်းကွင်းထဲ ရောက်လာတဲ့ခါ မိုင်းဆွဲလိုက်တာ။”ဟု ဆိုသည်။
အဆိုပါမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သက်ဦးမောင်ဆိုသူ ပွဲချင်းပြီးသေဆုံးကာ MA – 1 သေနတ် (၁) လက် သိမ်းဆည်းရမိခဲ့ပြီး မိုက်ဆွဲခဲ့သည့် တော်လှန်ရေးရဲဘော်တို့က အထိခိုက်မရှိခဲ့ကြောင်း သိရသည်။