KBC အသင်းတော် အသိုင်းအဝိုင်းအတွင်း လူသိများသော ဓမ္မဆရာတစ်ဦးဖြစ်သည့် ဆရာခွန်ဂျော်လီ နေအိမ်အတွင်း ပစ်သတ်ခံရ
18 March 2024 – Kachinwaves
ကချင်ပြည်နယ် နမ္မတီးမြို့ လမ်းခွ (Lambraw Yang) အသင်းတော်၏ ခရစ်ယာန်ဓမ္မဆရာ ခွန်ဂျော်လီ (Sr. Nammye Hkun Jaw Li) အား ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်တွင် နေအိမ်တွင်း၌ အမည်မသိလူတစ်စုက လုပ်ကြံပစ်သတ်ခဲ့ကြောင်း သိရသည်။
”၁ နာရီ ၅၀ မိနစ်လောက်မှ ဆိုင်ကယ်တစ်စီးနဲ့ လူသုံးယောက် အိမ်ထဲမှာကို လာပစ်သွားတာ။ အခုလောလောဆယ်တော့ ဆရာ့ကိုရင်ခွဲရုံ ပို့ထားတယ်လို့ ကြားတယ်။ ဖြစ်ဖြစ်ခြင်း အကုန်လန့်ပြီး အနီးအနားကလူတွေပါ ထွက်ပြေးကုန်တယ်။ ဘာကြောင့် ခုလိုလုပ်သွားမှန်းမသိဘူး။ အလန့်တကြားကြီး ဖြစ်သွားတာ။”ဟု ဒေသခံတစ်ဦးက ဖြစ်စဉ်ကို ပြောပြသည်။
ဆရာ ခွန်ဂျော်လီ (Sr. Nammye Hkun Jaw Li) သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ အသင်းတော်အသိုင်းအဝိုင်းထဲမှ လူသိများသော လူလတ်ပိုင်း ဘာသာရေးဆရာတစ်ပါး ဖြစ်သည်။