ဝန်းသို စကစ တပ်မှ ပစ်ခတ်သော ဟောက်ဝှစ်ဇာ လက်နက်ကြီးကြောင့် ကောလင်းပြည်သူ ၄ ဦးထိခိုက်
31 December 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် တောင်မော်ရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ပြီး ပြည်သူ ၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ယမန်နေ့ည ၈ နာရီကျော်အချိန်ခန့်တွင် ဝန်းသိုတပ်မှ ပစ်ခတ်လိုက်သော ဟောက်ဝှစ်ဇာ လက်နက်ကြီးကျည်မှာ တောင်မော်ရွာရှိ ပြည်သူပိုင် နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အမည်မဖော်လိုသည်ြ တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
“အမြဲလိုလိုတော့ ပစ်နေတာပဲဗျာ၊ နေတိုင်းလိုလိုကိုဖြစ်နေပြီ။ ပြည်သူတွေလည်း အမြဲတမ်း အထိအခိုက်တွေရှိနေတယ်။”ဟု ၎င်းရဲဘော်က ဆိုသည်။
စစ်ကောင်စီ၏ လက်နက်ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ်တစ်လုံးမီးလောင်ပြာကျကာ နောက်ထပ်နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့ပြီး အသက် ၆၀ နှင့် ၄၀ ခန့်အရွယ် အမျိုးသားနှစ်ဦး၊ အသက်၂၀ နှင့် ၃၂ နှစ်အရွယ် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း သိရသည်။
ကောလင်းမြို့အား တော်လှန်ရေးအဖွဲ့များမှ သိမ်းပိုက်ပြီးနောက် ဝန်းသိုတပ်မှ ဟောက်ဝှစ်ဇာ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်ေနသည့်အတွက် မြို့ပေါ် အဆောက်အဦးနှင့် ပြည်သူအထိအခိုက်များရှိနေကြောင်း သိရသည်။