မိနစ် ၂၀ အတွင်း စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း BPLA ထုတ်ပြန်
17 November 2023 – Kachinwaves
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော် (BPLA) တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျားချောင်းရွာအနီးရှိ ခမရ (၃၅၁) တပ်ရင်း၏ ခန်းတစ်ခုကို ယနေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
“မိနစ်(၂၀)ကြာ အပြန်အလှန်ပစ်ခတ်ပြီးချိန်တွင် အထိနာသွားသော ရန်သူ့တပ်ဖွဲ့ဝင်များအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။ ရန်သူထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသော်လည်း ရန်သူ့စခန်းတစ်ခုလုံးကို မိမိတို့ မဟာမိတ်ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိခဲ့သည်။”ဟု BPLA က ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်းထုတ်ပြန်ချက်၌ ပါရှိသည်။