KIA နှင့် PDF တို့က သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်အချို့ လက်နက်ကြီးကျည်ထိမှန်
1 February 2022-Kachinwaves
ယနေ့နံနက် ၈နာရီခွဲအချိန်တွင် KIAနှင့် PDF တို့က ကွတ်ခိုင်မြို့က စစ်ကောင်စီဗျူဟာကို သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခက်မှုကြောင့် ကွတ်ခိုင်မြို့ ရပ်ကွက် ၁ မှ နေအိမ် ၃ အိမ်၌ လက်နက်ထိမှန်ပြီး အရပ်သားပြည်သူတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
ဒဏ်ရာရရှိသူသည် အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်း၏လက်၌ ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။