မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ စစ်ကောင်စီရဲတပ်ရင်းတွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီရဲများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးတစ်ဦး သေဆုံး
1 February 2022 -Kachinwaves
မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ စစ်ကောင်စီရဲတပ်ရင်းတွင် ယနေ့နံနက် ၆နာရီခန့် ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီရဲများက အနီးဝန်းကျင်သို့ သေနတ်များ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ကျွန်းပင်သာရပ်ကွက်မှ ကလေးငယ်တစ်ဦး ထိမှန်သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသည့်ကလေးငယ်သည် အခန်းထဲအိပ်နေစဉ် သေနတ်ထိမှန်သေဆုံးခဲ့ရပြီး ကလေး၏အလောင်းကိုစစ်ဆေးရန် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့များက ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း ရပ်ကွက်ပြည်သူတစ်ဦးက ပြောသည်။
“အုပ်ချုပ်ရေးနဲ့ရဲတွေ လူနာတင်ကားနဲ့ ကလေးအလောင်း ချက်ချင်းယူသွားကြတယ်။ ခွဲစိတ်မယ်တဲ့ စစ်တပ်ရဲ့ ကျည်ဆံဟုတ်မဟုတ် PDF လား ကေအိုင်အေကလား စစ်ဆေးမယ်လို့ပြောတယ်”ဟု ပြည်သူတစ်ဦးက ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုရက်ပိုင်းအတွင်း ပြည်သူများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်သည့်အပြင် ပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ကြသည်။
Photo: CJ