နှင်းဆီပါတီ (UDP)သည် ကချင်ပြည်နယ် မဲဆန္ဒနယ်မြေအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်ဦးတည်းသောပါတီဖြစ်
ပါတီဥက္ကဌ ဦးကျော်မြင့်ဦးဆောင်သည့် နှင်းဆီပါတီခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီတွင်ကိုကျော်ပြီး ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
UDP သည် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်(၄)နေရာအပါ ကချင်ပြည်နယ်ရှိ မဲန္ဒနယ်မြေ ၇၀နေရာလုံးတွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ဒုတိယအများဆုံးအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က နောင်မွန်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)နေရာကလွဲပြီး ကျန် (၆၉) နေရာဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)နှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)သည် အမှတ်နေရာ (၆၇) နေရာစီတွင် ဝင်ရောက်ယှဉ်ပြိုင်းသွားမည်ဖြစ်ပါသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ဆော့လော်မြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂)နေရာနှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂နေရာက လွဲပြီး ကျန်နေရာအားလုံးတွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)က မဲဆန္ဒနယ် ၂၂နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပါတီဥက္ကဌဦးရွှေမင်းကလည်း လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)သည် မဲဆန္ဒနယ် (၁၅)နေရာတွင် ယှဉ်ပြိုင်သွားမည်ဖြစ်သလို ပါတီဥက္ကဌ ဒေါက်တာ M Kawn La က မိုးမောက်မြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၄)နေရတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၄၈၀)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ကချင်ပြည်နယ်တွင် မဲပေးနိုင်သူဦးရေ ဆယ်သိန်းကိုးသောင်းကျော်ရှိကြောင်း သိရသည်။