ကချင်ဒေသ တောင်ယာ ကောက်ရိတ်သိမ်းချိန်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ထွယ်ဆန်ယန်ကျေးရွာအနီးရှိ တောင်ယာတွေမှာ တောင်သူများက စပါးရိတ်သိမ်းနေကြတာပါ။
အခြားဒေသတွေမှာ ကောက်စိုက်ကောက်ရိတ်သိမ်းချိန်မှာ ငွေအားသုံးပြီး နေ့စားအလုပ်ခေါ်ကာ လုပ်ဆောင်ကြပေမဲ့ ထွယ်ဆန်ယန်ကျေးရွာအနီးရှိ တောင်ယာတွေမှာတော့ ရိုးရာဓလေ့ အလှည့်ကျ (Ga tsun Ga la) အပြန်အလှန်ကူညီလျှက် ရိတ်သိမ်းလျှက်ရှိကြပါတယ်။
နေ့လည်ခင်းမှာ ဖက်ထုပ်ထမင်း၊ ဟင်းနဲ့ ဝါးကျည်တောက်ခွက်ထဲထည့်ထားတဲ့ ခေါင်ရည်(စပီ)ကို တိုက်တာကလည်း ထိုဒေသရဲ့ ချစ်စရာ ဓလေ့တစ်ခုပါ။
Photo: Laraw Nhkum