ဖီမော်မြို့နဲ့ ကန်းဖန့်ကျေးရွာ ပြည်သူများနဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးအားတီယောဟန် တွေ့ဆုံ
–
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကချင်ပြည်နယ် ချီဖွေမြို့နယ် ဖီမော်နယ်စပ်မြို့နဲ့ ကန်းဖန့်ကျေးရွာက ပြည်သူတွေနဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးအားတီယောဟန် မနေ့က တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။
ဦးအားတီယောဟန် ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲအနိုင်ရရှိခဲ့သူဖြစ်ပြီး လက်ရှိ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တပ်ဖွဲ့ထဲ ဦးဆောင်ပါဝင်နေသူလည်း ဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်ရင်းနယ်မြေအတွင်း ပြည်သူ့စစ်စခန်းတွေ မကျန်တော့ပဲ ဆော့လော်မြို့နယ်ထဲက လန်ဆယ်ဒေသက ပြည်သူ့စစ်စခန်းတစ်ခုသာ ကျန်တော့တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် လက်နက်ချအလင်းဝင်ခဲ့တဲ့ ပြည်သူ့စစ်တစ်ရာကျော်တယ်လို့ သိရကြောင်း ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ်အထူးဒေသ (၁)၊ ချီဖွေမြို့နယ် ဖီမော်မြို့ကို နိုဝင်ဘာလ ၂ ရက်နေ့နဲ့ ကန်းဖန့်ကျေးရွာကို နိုင်ဝင်ဘာလ ၄ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။