ဗလမင်းထင်တံတား ဂိတ်စောင့် စကစ ရဲများ ပစ္စတိုဖြင့် ပစ်ခတ်ခံရ
21 December 2023 – Kachinwaves
ဝိုင်းမော်မြို့ဘက်ခြမ်းက ဗလမင်းထင်တံတား စုပေါင်းဂိတ်မှ စစ်ကောင်စီ ရဲများကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
ယနေ့ညနေပိုင်းက ပစ်ခတ်သွားသည်ဟု မြစ်ကြီးနားသတင်းရင်းမြစ်အရ သိရပြီး ယင်းပစ်ခတ်မှုနောက်ပိုင်း ဖြတ်သွားဖြတ်လား စစ်ဆေးမှု တင်းကျပ်စွာပြုလုပ်ခဲ့ကြောင်းလည်း ပြောသည်။
၎င်းပစ်ခတ်မှုကြောင့် ရဲ ၃ ယောက် ထိခိုက်ပြီး သေဆုံးသူပါကြောင်း တချို့လူမှုကွန်ရက်စာမျက်နှာများမှာတွေ့ရသော်လည်း သီးခြားအတည်မပြုနိုင်သေးပါ။
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူတံတားအနီးရှိ စုေပါင်းဂိတ်အား ၂၀၂၁ ခုနှစ် ဇွန် ၂၃ ရက်နေ့ညနေတွင် KIA ကတစ်ကြိမ် သွားရောက်တိုက်ခိုက်ခဲ့သည်။