ပူတာအိုသို့ သယ်ဆောင်လာသည့် စစ်ကောင်စီထုတ်ကုန်များအား လမ်းမှာ KIO ဖမ်းဆီးဖျက်ဆီးပစ်
3 February 2022-Kachinwaves
မြစ်ကြီးနားမြို့မှ ပူတာအိုသို့ သယ်ဆောင်လာသည့် စစ်ကောင်စီပိုင် ထုတ်ကုန်များကို ပူတာအိုမြို့ ဆွမ်ပီယာန်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂ရက်နေ့က ကေအိုင်အိုမှ စစ်ဆေးဖမ်းဆီးဖျက်ဆီးခဲ့ကြောင်း သိရသည်။
သတိပေးစာထုတ်ပြန်ပြီးနောက် လက်တွေ့ဆောင်ရွက်မှု အရေးယူမှုများ ပြုလုပ်နေပြီး ရှေ့ဆက် လုပ်ဆောင်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအို ကားလမ်းများတွင် စစ်ကောင်စီပိုင်ထုတ်ကုန်များ သယ်ဆောင်ခြင်း၊ ပူတာအိုမြို့အတွင်းရှိ ဈေးဆိုင်များတွင် ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ရန် ဇန်နဝါရီလ ၃၀ရက်နေ့၌ ပူတာအိုခရိုင်အုပ်ချုပ်ရေး ကေအိုင်အိုရုံးမှ သတိပေးစာထုတ်ပြန်ခဲ့သည်။
ကချင်ပြည်နယ်ရှိ အချို့မြို့နယ်များတွင်လည်း ကေအိုင်အေတပ်နှင့် PDFတို့မှ စစ်ကောင်စီပိုင်ထုတ်ကုန်များကို လိုက်လံစစ်ဆေး ဖျက်ဆီး အရေးယူမှုများ ပြုလုပ်နေသည်။