သမိုင်းဝင်ပြီး သတ္တုလုပ်ကွက်ပေါတဲ့ ဖီမော်နယ်မြေကို KIA အပြီးသိမ်းပိုက်
–
ကချင်ပြည်နယ်က မြန်မာ – တရုတ်နယ်စပ်မြို့တစ်ခုဖြစ်တဲ့ ဖီမော်ကို KIA နဲ့ ပူးပေါင်းတပ်တို့က ဒီကနေ့ညနေ ၅ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မြေပြင်သတင်းရင်မြစ်တစ်ဦးက ပြောပါတယ်။
“သိမ်းလိုက်ပါပြီ။ အခုလို လွယ်လွယ်ကူကူနဲ့ရတာ ဘုရားသခင်ကျေးဇူးပါ။ အခုတော့ ကျွန်တော်တို့ ပိုင်သွားပြီ”လို့ သူကပြောပါတယ်။
ဖီမော်နယ်စပ်ဂိတ်ဟာ ကချင်ပြည်နယ်အထူးဒေသ (၁) ထဲက နယ်စပ်မြို့ငယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီရဲ့ အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်ရင်း နယ်မြေထဲမှာ ကျရောက်ပါတယ်။
ဖီမော်မြို့ဟာ တရုတ်မြန်မာနှစ်နိုင်ငံ နယ်ခြားမျဉ်းသတ်မှတ်ခဲ့စဉ်က ဦးနုအစိုးရနဲ့ ကချင်ခေါင်းဆောင်များ အငြင်းပွားခဲ့ရတဲ့ ဒေသဖြစ်ပါတယ်။