ရွှေကူမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ
28 January 2022 – Kachinwaves
ယနေ့နံနက် ၉နာရီခန့်ချိန်တွင် ရွှေကူမြို့နယ် မြို့ကုန်းကျေးရွာမှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးပစ်သတ်ခံရကြောင်း သိရသည်။
စစ်ကောင်စီတပ်စစ်ကြောင်းများသည် ၎င်း၏နေအိမ်၌ ယမန်နေ့ညက ခေတ္တဝင်နားသွားကြောင်း ဒေသခံများက ပြောသည်။
ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးဝန်ထမ်းများနုတ်ထွက်ကြရန်ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ဇန်နဝါရီလ ၁၉ရက်နေ့တွင် သတိပေးထုတ်ပြန်ခဲ့သည်။
ရွှေကူမြို့နယ်တွင် PDF တပ်ဖွဲ့နှင့် KIA တို့က စစ်ကောင်စီတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားနေသည့် မြို့နယ်ဖြစ်သည်။